UFC 323 ပြိုင်ပွဲ၏ ဒုတိယခေါင်ပွဲအဖြစ် ယှဉ်ပြိုင်ခဲ့သော မြန်မာကိုယ်စားပြု ချင်းဖိုက်တာ ဂျော့ရှုဝါဗန်သည် လက်ရှိ UFC Flyweight ချန်ပီယံ ပန်တိုဂျာကို ပွဲစသည်နှင့် စက္ကန့်ပိုင်းအကြာတွင်ပင် လက်တံတောင်ဆစ်လွဲ TKO ဖြင့် အလဲထိုးကာ အနိုင်ရရှိပြီး ချန်ပီယံခါးပတ်ကို ဆွတ်ခူးသွားခဲ့သည်။ ၄ ကြိမ်တိုင်တိုင် ချန်ပီယံခါးပတ် ကာကွယ်ထားနိုင်ခဲ့သည့် ပန်တိုဂျာသည် ဂျော့ရှုဝါဗန်နှင့်တွေ့ဆုံချိန်တွင် ၎င်း၏ ခါးပတ်ကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ ယင်းသည် ကမ္ဘာကျော် UFC သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ချန်ပီယံဖြစ်လာသည့် မြန်မာဖိုက်တာတစ်ဦးဖြစ်သလို၊ အရှေ့တောင်အာရှနိုင်ငံများအထဲမှ ပထမဆုံး ချန်ပီယံဖြစ်လာသူလည်း ဖြစ်သည်။
မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် UFC Flyweight ချန်ပီယံအသစ်ဖြစ်လာ
Dec 07 • 5:39 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 74 | 0 | 0 | 0 |


