ရာသီပေါ်သီးနှံဖြစ်သော ယာကွန်ဥများ မန္တလေးဈေးကွက်အတွင်းအလုံးအရင်းနှင့်ဝင်ရောက်လာမှု ကြောင့် ဈေးနှုန်းများကဆင်းသွားခဲ့ကြောင်းဒေသခံများကပြောသည်။မိုးကုတ်နှင့်ရှမ်းပြည်နယ်ဒေသထွက် ယာကွန်ဥ(ခေါ်)ရေကန်စွန်းဥများမှာ ပေါ်ဦးပေါ်ဖျားမှာပင် ဈေးနှုန်းကျဆင်းမှုများရှိလာခြင်းဖြစ်သည်။ယာကွန်ဥမှာအရည်ရွှမ်းသော စိမ်းစားသစ်သီးအမျိုးအစားဖြစ်ပြီး ကျန်းမာရေးအရ စားသုံးရန် သင့်တော်မှုကြောင့် ပြီးခဲ့သည့်နှစ်ပိုင်းက စတင်ကာ ရန်ကုန်၊ မန္တလေးအပါအဝင် ဒေသအများစုတွင် အများအပြားဝယ်ယူစားသုံး လာကြခြင်းဖြစ်သည်။လက်ရှိအချိန်တွင် ယာကွန်ဥဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ တစ်ပိဿာကိုငွေကျပ် ၈,၀၀၀ မှ ၁၀,၀၀၀ ကြားရှိကြောင်း သိရသည်။
မန္တလေးတွင် ရာသီပေါ်ယာကွန်ဥများဈေးကွက်အတွင်း အလုံးအရင်းနှင့်ဝင်ရောက်လာမှုကြောင့် ဈေးကျ
Dec 07 • 5:00 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 18 | 0 | 0 | 0 |


