back

ကမ္ဘောဒီးယားသည် အကောက်ခွန်နှုန်း ၁၉ ရာခိုင်နှုန်းဖြင့် အမေရိကန်နှင့် အပြန်အလှန်ကုန်သွယ်မှု သဘောတူညီချက် လက်မှတ်ရေးထိုး

Dec 07 • 2:00 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားသည် အကောက်ခွန်နှုန်း ၁၉ ရာခိုင်နှုန်းဖြင့် အမေရိကန်နှင့် အပြန်အလှန်ကုန်သွယ်မှု သဘောတူညီချက် လက်မှတ်ရေးထိုး

ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် အပြန်အလှန်ကုန်သွယ်မှု သဘောတူညီချက်ကို အာဆီယံထိပ်သီးအစည်းအဝေး၌ လက်မှတ်ရေးထိုးခဲ့သည့် ပထမဆုံးသောနိုင်ငံဖြစ်ကြောင်း...

ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် အပြန်အလှန်ကုန်သွယ်မှု သဘောတူညီချက်ကို အာဆီယံထိပ်သီးအစည်းအဝေး၌ လက်မှတ်ရေးထိုးခဲ့သည့် ပထမဆုံးသောနိုင်ငံဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ပထမဒုတိယဥက္ကဋ္ဌ ဆန်းချန်ထောက ပြောကြားခဲ့သည်။ မစ္စတာဆန်းချန်ထောက ဤသဘောတူညီချက်အား အောက်တိုဘာလ ၂၆ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပသော "ကမ္ဘောဒီးယား ကုန်သွယ်ရေးကုန်စည်ပြပွဲ ၂၀၂၅" ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ ထည့်သွင်းပြောဆိုခဲ့သည်။ အဆိုပါ သဘောတူညီချက်တွင် အကောက်ခွန်နှုန်း ၁၉ ရာခိုင်နှုန်းဖြင့် ကုန်သွယ်မှုပြုလုပ်ရန် သတ်မှတ်ထားကြောင်း သိရသည်။

news-view-count-icon

12