ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ၊ အင်းလေးကန်တွင် နေထိုင်ကြသော ရေပေါ်ကျေးရွာများသည် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြသော်လည်းပိုင်ဆိုင်မှုအထောက်ထားမရှိကြဘဲ ဘေးမဲ့တောဧရိယာသတ်မှတ်လာကြ၍ စိုက်ပျိုးမြေနည်းပါးလာခြင်းဖြစ်သည်။အင်းလေးကန် ရေပေါ်ကျေးရွာများတွင်နှစ်ပေါင်းများစွာ ပိုင်ဆိုင်မှု အထောက်အထား မရှိဘဲ နေထိုင်ခဲ့ရသဖြင့် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန် ပိုင်ဆိုင်မှု အထောက်အထားလိုချင်ကြောင်း ဒေသခံ များကဆိုသည်။ခေတ်အဆက်ဆက်အစိုရ ပြောင်းလဲခဲ့သော်လည်း ထိုကိစ္စကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်သူ မရှိခဲ့ ကြောင်း ၊ အင်းသူအင်းသား တို့က ၎င်းတို့၏ ဒုက္ခကို ရင်ဖွင့်ကြသည်။



