ချုံချင့်မြို့သည် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် ယန်ဇီမြစ်စီးပွားရေးခါးပတ်လမ်းကြောင်းတို့ ဆုံမှတ်နေရာတွင် တည်ရှိသည့်အတွက် Chengdu-Chongqing Twin Cities Economic Circle နှင့် New Western Land-Sea Corridor တို့ကဲ့သို့သော တရုတ်နိုင်ငံ၏ အရေးပါသည့် မဟာဗျူဟာမြောက်စီမံကိန်းများ အကောင်အထည်ဖော်နိုင်မည့် အားသာချက်များ ရှိကြောင်း၊ အဆိုပါစီမံကိန်းများသည် နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကို မြှင့်တင်နိုင်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်းဖလှယ်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ကြောင်း ပြောသည်။ထို့ပြင် West Airline ဖြင့် ချုံချင့်-ရန်ကုန်လေကြောင်းလိုင်းသစ် ပြေးဆွဲနိုင်မည်ဆိုပါက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား စီးပွားဆက်ဆံမှု၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုဖလှယ်ရေးတို့ကို ခိုင်မာအားကောင်းစေနိုင်သည့် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းဖြင့် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။



