သီပေါမြို့နဲ့ လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို ဖြတ်သန်းခွင့်ပိတ်ထားတဲ့အတွက် လူနာတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံထံကနေသိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကစပြီး ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကား/ ဆိုင်ကယ်တွေကို ဖြတ်သန်းသွားလာခွင့်မပေးသေးဘူးလို့ ဒေသခံအချို့က ဆိုကြပါတယ်။သီပေါတံတား ပိတ်ထားတာကြောင့် လားရှို့ကနေ မူဆယ်မြို့ကို သွားရောက်လိုသူတွေဟာ သီပေါမြို့ကိုရှောင်ကွင်းပြီး သွားနေရသောကြောင့် လမ်းပန်းခက်ခဲပြီး သွားလာချိန်နဲ့ ငွေကုန်ကြေးကျလည်း များနေတယ်လို့ ခရီးသွားပြည်သူတွေထံကနေ သိရပါတယ်။



