ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။အဆိုပါ ပြုပြင်မွမ်းမံနေမှုများကို ဒီဇင်ဘာလ (၅)ရက် မွန်း လွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆော င်ရွက်ပေးခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်ရှိ "ရှင်ပင်နံကိုင်း"စေတီတော်မြတ် ကြီးကိုလည်း ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိပြီး သောတာ ပန်ရပ်ကွက်ရှိ "လေးကျွန်းမာရ်အောင်" စေတီတော်ကိုလည်း ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။



