back

အသင်းတိုက်စစ်ကစားသမားဆာလာကို ပွဲထွက်ကစားသမားအဖြစ် မိမိစိတ်ထဲမှာ အမြဲရှိနေတယ်လို့ လီဗာပူးလ်နည်းပြအာနယ်ဆလော့ ဖွင့်ဟလာ

Dec 06 • 4:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

အသင်းတိုက်စစ်ကစားသမားဆာလာကို ပွဲထွက်ကစားသမားအဖြစ် မိမိစိတ်ထဲမှာ အမြဲရှိနေတယ်လို့ လီဗာပူးလ်နည်းပြအာနယ်ဆလော့ ဖွင့်ဟလာ

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က အသင်းတိုက်စစ်ကစားသမား ဆာလာကို ပွဲထွက်ကစားသမားအဖြစ် မိမိစိတ်ထဲမှာ အမြဲရှိနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။အီဂျစ်ကစားသမား ဆာလာ(၃၃ နှစ်)ဟာ...

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က အသင်းတိုက်စစ်ကစားသမား ဆာလာကို ပွဲထွက်ကစားသမားအဖြစ် မိမိစိတ်ထဲမှာ အမြဲရှိနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။အီဂျစ်ကစားသမား ဆာလာ(၃၃ နှစ်)ဟာ နောက်ဆုံးနှစ်ပွဲမှာ ပွဲထွက်စာရင်းက ချန်လှပ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ဒီနှစ်ပွဲမှာ ဆာလာရဲ့ပွဲကစားချိန်ကလည်း

၄၅ မိနစ်သာ ရှိခဲ့ပါတယ်။ကျွန်တော့်စိတ်ထဲမှာ ကစားသမားတိုင်းက ပွဲထွက်ကစားနိုင်စွမ်းရှိတယ်လို့ ယူဆပါတယ်။ မို(ဆာလာ)က ကျွန်တော်တို့အဖို့ ထူးခြားတဲ့ ကစားသမားတစ်ယောက်ပါ။ သူဟာ ကျွန်တော့်စိတ်ထဲမှာ ပွဲထွက်ကစားဖို့၊ ဒါမှမဟုတ်

လူစားဝင်ကစားတာမျိုး အမြဲရှိပါတယ်''လို့

အာနယ်ဆလော့က ပြောခဲ့ပါတယ်။

ကစားသမားဆာလာဟာ အခုရာသီမှာ ပရီးမီးယားလိဂ်ဂိုး လေးဂိုးသာ ရရှိထားတာဖြစ်တယ်။ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ အာနယ်ဆလော့ရဲ့ပထမဆုံးရာသီမှာတော့ ဆာလာက ၂၉ ဂိုးအထိ သွင်းယူခဲ့ပါတယ်။

news-view-count-icon

26