ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် SEA Games အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဒီဇင်ဘာ ၅ ရက်နေ့က မြန်မာပရိသတ်များသည် တရားဝင်ဝက်ဘ်ဆိုက်၏ မှားယွင်းဖော်ပြမှုကြောင့် ပွဲကြည့်ရန် ဘောလုံးကွင်း မှားယွင်းသွားခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ မြန်မာနှင့် ဖိလစ်ပိုင်တို့၏ အုပ်စု B ပွဲစဉ်ကို National Sports University Chonburi Campus ၌ ကစားရန် စီစဉ်ထားသော်လည်း တရားဝင်ဝက်ဘ်ဆိုက်က Chonburi Stadium ဟု မှားယွင်းဖော်ပြခဲ့ခြင်းကြောင့် မြန်မာပရိသတ် အများစုမှာ နေရာမှားသွားခဲ့ကြသည်။ ဝက်ဘ်ဆိုက်မှ အချက်အလက်များကို နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခဲ့သော်လည်း ပရိသတ်များအား ရှင်းပြရာတွင် အချိန်ကြာမြင့်ခဲ့ကြောင်း သိရသည်။ အဆိုပါပွဲစဉ်တွင် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် ဖိလစ်ပိုင်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထိုင်း SEA Games တရားဝင် ဝက်ဘ်ဆိုက် အချက်အလက်အမှားကြောင့် မြန်မာပရိသတ်များ အမျိုးသမီးဘောလုံးပွဲကြည့်ရန် ကွင်းမှားသွား
Dec 06 • 4:17 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


