ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှုအာဗန်နှင့် လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာ အလက်ဇန္ဒား ပန်တိုဂျာတို့သည် ဒီဇင်ဘာ ၇ ရက် (မနက်ဖြန်) မနက် ၁၀ နာရီဝန်းကျင်တွင် UFC-323 ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲအဖြစ် ဒုတိယမြောက် ခေါင်တွဲဆိုင်း၌ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်၊ လပ်ဗီးဂတ်စ်ရှိ T-Mobile Arena ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဂျိုရှုအာဗန်သည် ပြီးခဲ့သည့် ဇွန်လအတွင်းက UFC ဖလိုင်းဝိတ်တန်း အဆင့် (၁) သတ်မှတ်ခံထားရသူ ဘရန်ဒန်ရွိုင်ဗယ်ကို အမှတ်ဖြင့် အနိုင်ရခဲ့ခြင်းကြောင့် ယခုချန်ပီယံခါးပတ် စိန်ခေါ်ပွဲ ထိုးသတ်ခွင့်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝတွင် ၁၇ ပွဲထိုးသတ်ခဲ့ရာ ၁၅ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားပြီး UFC ၌မူ ၉ ပွဲထိုးသတ်ခဲ့ရာ ၈ ပွဲနိုင်၊ ၁ ပွဲသာ ရှုံးနိမ့်ထားသည်။
မြန်မာဖိုက်တာ ဂျိုရှုအာဗန်နှင့် ချန်ပီယံ ပန်တိုဂျာတို့ ဒီဇင်ဘာ ၇ ရက်တွင် ဖလိုင်းဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်မည်
Dec 06 • 2:40 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 46 | 0 | 0 | 0 |


