ထိုင်း-မြန်မာ နယ်စပ်ဂိတ်ရှိသည့် နေရာများ၌ မြန်မာအလုပ်သမားများကို နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) စာအုပ်ဖြင့် (၆) လ အလုပ်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး တရီနွတ် ထီယန်ထောင်က ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။အလုပ်လုပ်ကိုင်ခွင့်ပြုမည့် နေရာများတွင် မဲဆောက်မြို့နယ်၊ မယ်လမတ်မြို့နယ်၊ ဖိုးဖမြို့နယ်၊ မယ်ဆိုင်မြို့နယ်၊ မယ်ကျန်မြို့နယ်၊ မူယန်င်မြို့နယ်၊ ကန်ချနဘူရီခရိုင်၊ ရနောင်းခရိုင်နှင့် နယ်စပ်ဒေသများနှင့် ထိဆက်လျက်ရှိသည့် ပလာကျင်ဘူရီခရိုင်၊ လယောင်ခရိုင်၊ ချွန်ဘူရီခရိုင်နှင့်ချာချင်ဆောင် ခရိုင်တို့ပါဝင်ကြောင်း သိရသည်။ထိုင်းအလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုမည့် လုပ်ငန်းအမျိုးအစားများမှာ ပျံကျ(အလုပ်ကြမ်း)လုပ်ငန်း၊ အိမ်အကူလုပ်ငန်းနှင့် ဈေးဆိုင်ဝန်ထမ်းလုပ် ငန်းတို့ဖြစ်ကြောင်း သိရသည်။စာအုပ်ပြုလုပ်ရာတွင် အိမ်ထောင်စုစာရင်း (မူရင်း)၊ မှတ်ပုံတင်မိတ္တူနှင့် လိုင်စင်ဓါတ်ပုံ (၃) ပုံယူဆောင်သွားရမည်ဖြစ်ပြီး၊ စာအုပ်သက်တမ်းမှာ (၁) ရရှိမည်ဖြစ်သည်။အဆိုပါ Border Pass စာအုပ်ပြုလုပ်ပြီးပါက ထိုင်းနိုင်ငံဘက်ခြမ်း၌ ကျန်းမာရေးစစ်ဆေးခြင်းနှင့် Work Permit လျှောက်ထားမှုလုပ်ငန်း စဉ်များဆောင်ရွက်ရမည်ဖြစ်သည်။



