ရန်ကုန်တိုင်း ၊ လသာမြို့နယ် ၊ အမှတ်(၃)ရပ်ကွက်၊မဟာဗန္ဓုလ လမ်းမှာရှိတဲ့ " ရွှေဇင်ရွှေဆိုင် "မှာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်း၉ နာရီလောက်မှာက ဓားပြတိုက်လုယက်မှု ဖြစ်ပွားပြီး ရွှေထည်ပစ္စည်းတွေ နဲ့ ငွေသား ကျပ်သိန်း တထောင်လောက် ပါသွားတယ်လို့ ကနဦးသိရပါတယ်။ ရွှေဆိုင် လုယက်ခံရမှု ဖြစ်စဥ်နဲ့ပတ်သက်ပြီး လသာရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ဖြစ်စဥ်မှန်ကန်ကြောင်း အတည်ပြု ပြောဆိုပါတယ်။ ရွှေထည်ပစ္စည်းတွေ လုယက်သွားသူတွေကတော့ ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး လုယက်သွားတာဖြစ်ကြောင်း ၊ လက်ရှိမှာ CCTV မှတ်တမ်းကိုလည်း စစ်ဆေးနေပြီး ကျူးလွန်သူတွေ ထွက်ပြေးသွားတဲ့ လမ်းကြောင်းကို ရှာဖွေစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ် ။ လက်ရှိအထိတော့ ရွှေဆိုင် ဓားပြတိုက် လုယက်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။



