back

ပြည်တွင်း၌မြေဩဇာအမျိုးအစား(၂)မျိုးအတွက် ရည်ညွှန်းဈေးသတ်မှတ်

Dec 05 • 7:27 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌မြေဩဇာအမျိုးအစား(၂)မျိုးအတွက် ရည်ညွှန်းဈေးသတ်မှတ်

တောင်သူတွေ အဓိကသုံးစွဲနေတဲ့ ယူရီးယားမြေဩဇာအပါအဝင် မြေဩဇာအမျိုးအစား ၂ မျိုးအတွက် ရန်ကုန် အထိုင် လက်ကားရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက်တွေကို မြန်မာနိုင်ငံမြေဩဇာ၊မျ...

တောင်သူတွေ အဓိကသုံးစွဲနေတဲ့ ယူရီးယားမြေဩဇာအပါအဝင် မြေဩဇာအမျိုးအစား ၂ မျိုးအတွက် ရန်ကုန် အထိုင် လက်ကားရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက်တွေကို မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ် ငန်းရှင်များအသင်းက ထုတ်ပြန်လိုက်ပါတယ်။ဒီဇင်ဘာလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်အတွက် လက်ကားရည်ညွှန်းဈေးနှုန်းတွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပြီး ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ၉၄,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ၁၁၅,၀၀၀ ကျပ် သတ်မှတ်လိုက်တာပါ။ Complex ၁၅ ပတ်လည် မြေဩဇာကိုတော့ ရည်ညွှန်းဈေးသတ်မှတ်တာ မရှိဘူးလို့ ဆိုပါတယ်။ အခုသတ်မှတ်ထားတဲ့ ဈေးနှုန်းတွေဟာ ရန်ကုန်အထိုင် လက်ကားဈေးတွေဖြစ်တဲ့အတွက် ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်ပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ် ကွာခြားမှု ရှိနိုင်တယ်လို့ သိရပါတယ်။မြေဩဇာတွေကို ရည်ညွှန်းဈေးတွေနဲ့အညီ မရောင်းချရင် တိုင်ကြားနိုင်တယ်လို့လည်း မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီရဲ့ ကြီးကြပ်မှုနဲ့ မြန်မာနိုင်ငံ မြေဩဇာ၊မျိုး‌စေ့ နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက တောင်သူတွေ အဓိက သုံးစွဲနေတဲ့မြေဩဇာတွေအတွက် ရန်ကုန် အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းကို လစဉ်သတ်မှတ်ပေးနေတာ ဖြစ်ပါတယ်။အခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဧပြီလကနေ ဒီဇင်ဘာလအထိ ၉ လအတွင်း မြေဩဇာတန်ချိန် ၁ သိန်းခွဲ ကျော်နဲ့ ပိုးသတ်ဆေးတန်ချိန် ၂၇,၀၀၀ ကျော်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိနိုင်ဖို့ ထောက်ခံဆောင်ရွက် ပေးထားတယ်လို့ သမယဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သိရပါတယ်။

news-view-count-icon

43