တောင်ကိုရီးယားနှင့် အီဂျစ်နိုင်ငံတို့၏ ကိုယ်စားလှယ်များသည် ကိုင်ရိုမြို့တွင် စစ်ရေးနှင့် လက်နက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့် အစည်းအဝေး ကျင်းပခဲ့ကြသည်။ အစည်းအဝေးတွင် ကာကွယ်ရေးနည်းပညာ လွှဲပြောင်းခြင်း၊ စစ်ရေးလေ့ကျင့်မှုများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိ် ချဲ့ထွင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ဤဆွေးနွေးပွဲသည် အရှေ့အလယ်ပိုင်းဒေသတွင် တောင်ကိုရီးယား၏ ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ခြေကုပ်ခိုင်မာလာမှု ကို ပြသသည့်အပြင်၊ အီဂျစ်အနေဖြင့် ၎င်း၏ ကာကွယ်ရေးစနစ်ကို ခေတ်မီတိုးတက်စေရန် နိုင်ငံတကာမိတ်ဖက်များနှင့် ဆက်ဆံရေး ချဲ့ထွင်လိုမှု၏ လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။
Dec 05 • 6:38 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


