back

ကစားသမားသီဟထက်အောင်ရဲ့ ဒူးဒဏ်ရာကို ထိုင်းနိုင်ငံမှာ ခွဲစိတ်ကုသမည်

Dec 05 • 6:33 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကစားသမားသီဟထက်အောင်ရဲ့ ဒူးဒဏ်ရာကို ထိုင်းနိုင်ငံမှာ ခွဲစိတ်ကုသမည်

ဆီးရီးယားနဲ့ ကစားခဲ့တဲ့ အာရှဖလားခြေစစ်ပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့ သီဟထက်အောင်ရဲ့ ဒဏ်ရာကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ခွဲစိတ်ကုသမှုခံယူမယ်လို့ ကာယကံရှင်က ပြောပါ...

ဆီးရီးယားနဲ့ ကစားခဲ့တဲ့ အာရှဖလားခြေစစ်ပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့ သီဟထက်အောင်ရဲ့ ဒဏ်ရာကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ခွဲစိတ်ကုသမှုခံယူမယ်လို့ ကာယကံရှင်က ပြောပါတယ်။ ဒူးဒဏ်ရာခွဲစိတ်ကုသမှု ကုန်ကျစရိတ်အားလုံးနဲ့ ဒဏ်ရာကုသနေစဉ် မိသားစု ထောက်ပံ့ကြေးကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က စိုက်ထုတ်ကျခံပေးမှာ ဖြစ်ကြောင်း သီဟထက်အောင်က ပြောပါတယ်။ သီဟထက်အောင်ကို ဒူးဒဏ်ရာကြောင်း ကလပ်အသင်းအတွက် မကစားပေးနိုင်တဲ့အတွက် ထိုင်းလိဂ်-၂ကလပ် ပတ်တနီအသင်းကလည်း လျော်ကြေးပေးပြီး စာချုပ်ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။


news-view-count-icon

68