back

ထိုင်းလေဆိပ်များတွင် နိုင်ငံတကာ ခရီးစဉ်များအတွက် လေဆိပ်အခွန် ၅၃ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံတော့မည်ဖြစ်

Dec 05 • 4:56 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းလေဆိပ်များတွင် နိုင်ငံတကာ ခရီးစဉ်များအတွက် လေဆိပ်အခွန် ၅၃ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံတော့မည်ဖြစ်

ထိုင်းနိုင်ငံ၊နိုင်ငံတကာလေကြောင်းခရီးစဉ်များတွင် ပြင်ပခရီးသည်များအတွက် လေဆိပ်အခွန်အဖြစ် လူသိများ သော ခရီးသည်ဝန်ဆောင်ခကို ၅၃ ရာခိုင်နှုန်း တိုးမြှင့်ရန် ထိုင်းမြ...

ထိုင်းနိုင်ငံ၊နိုင်ငံတကာလေကြောင်းခရီးစဉ်များတွင် ပြင်ပခရီးသည်များအတွက် လေဆိပ်အခွန်အဖြစ် လူသိများ သော ခရီးသည်ဝန်ဆောင်ခကို ၅၃ ရာခိုင်နှုန်း တိုးမြှင့်ရန် ထိုင်းမြို့ပြလေကြောင်းဘုတ်အဖွဲ့က အတည် ပြုလိုက်သည်။နိုင်ငံတကာလေကြောင်းခရီးစဉ်များအတွက် ဘတ်ငွေ ၇၃၀ မှ ၁,၁၂၀ ဘတ်အထိ တိုးမြှင့်ကောက်ခံရန် ထိုင်းလေဆိပ်များအများပိုင်ကုမ္ပဏီ(AOT) ၏ လျှောက်ထားချက်ကို ဗုဒ္ဓဟူးနေ့တွင် ဘုတ်အဖွဲ့က အတည်ပြုခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဖီဖတ် ရတ်ချာကစ်ပရာကာက ပြောကြားခဲ့သည်။ခရီးသည်ဝန်ဆောင်ခကို လေယာဉ်လက်မှတ်ဝယ်ယူချိန်တွင် လက်မှတ်ခတွင် တပါတည်းကောက်ယူ မည်ဖြစ်သည်။ ယင်းအခွန်တိုးမြှင့်မှုသည် လာမည့်နှစ်အစောပိုင်းတွင် စတင်အကျိုးသက်ရောက်နိုင် သည်။ပြည်တွင်းခရီးစဉ်များအတွက် ခရီးသည်ဝန်ဆောင်ခမှာ ဘတ် ၁၃၀ သာဖြစ်ပြီး၊ ပြောင်းလဲခြင်းမရှိပါဟု ပြောပါသည်။ထိုင်းလေဆိပ်များအများပိုင်ကုမ္ပဏီ(AOT)သည် ထိုင်းနိုင်ငံရှိ အဓိက လေဆိပ်ကြီး ခြောက်ခုကို စီမံခန့်ခွဲ လုပ်ကိုင်နေပြီး ယင်းတို့မှာမိ၊ ဒွန်မောင်း၊ ဖူးခက်၊ ချင်းမိုင်၊ ဟတ်ယိုင်နှင့် ချင်းရိုင်တို့ဖြစ်သည်။

news-view-count-icon

41