ကရင်ပြည်နယ် ဘားအံမြို့ စစ်ဆေးရေးဂိတ်များတွင် ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများ ဖမ်းဆီးစစ်ဆေးမှု တင်းကြပ်ခံရ

Dec 05 • 4:09 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ် ဘားအံမြို့ စစ်ဆေးရေးဂိတ်များတွင် ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများ ဖမ်းဆီးစစ်ဆေးမှု တင်းကြပ်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် ရှမ်းပြည် (၁၃ မျဉ်းစောင်း) မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ဖမ်းဆီးစစ်ဆေးမှုများ တင်းကြပ်နေကြေ...

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် ရှမ်းပြည် (၁၃ မျဉ်းစောင်း) မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ဖမ်းဆီးစစ်ဆေးမှုများ တင်းကြပ်နေကြောင်း သိရသည်။မြဝတီမြို့တွင် အွန်လိုင်းကျားဖြန့်လုပ်ငန်းများကို စီးနင်းပြီးနောက် နိုဝင်ဘာလ တတိယပတ်မှစတင်၍ မြဝတီမြို့ဘက်မှ ပြန်လာသူများကို စစ်ဆေးမှုများ တင်းကြပ်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြဝတီ - ဘားအံ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များ၌ ၁၃ မျဉ်းစောင်းအပြင် ရခိုင်ပြည်နယ် (၁၁ မျဉ်းစောင်း) မှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုပါ ဖြတ်သန်းသွားလာခွင့် မပြုခြင်းအပြင် ဖမ်းဆီးထားခြင်းများလည်း ရှိကြောင်း သိရသည်။ခရီးသွားလာလိုပါက ငွေကြေးပေး၍ ပတ်လမ်းမှ သွားလာနေရပြီး၊ မြဝတီမှ ရန်ကုန်သို့ သွားရန်အတွက်ပင် တစ်ဦးလျှင် ကျပ် ၈ သိန်းမှ ၁၅ သိန်းဝန်းကျင်အထိ ကုန်ကျနေကြောင်း မြဝတီမြို့မှ ကားသမားတစ်ဦးက ပြောသည်။ 

news-view-count-icon

35