ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်း စုံ ဘင်ခရာပြိုင်ပွဲကို ဒီဇင်ဘာ(၁)ရက်နေ့မှ(၃)ရက်နေ့အထိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) တွင် ကျင်းပခဲ့ကြောင်းသိရသည်။အဆိုပါပြိုင်ပွဲတွင် ခရိုင်(၁၄)ခရိုင်မှ ကိုယ် စားပြု ဝင်ရောက်ယှဥ်ပြိုင်သော ဘင်ခရာအသင်း(၁၄)သင်း ဝင်ရောက်ယှဥ်ပြိုင်ကြကြောင်းသိရသည်။ တွံတေးခရိုင် ကိုယ်စားပြု အ.ထ.က(၁)တွံတေးက ဒီဇင်ဘာ(၃) ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ယှဥ်ပြိုင်ရာတွင် ကျိုင်းပထမဆုနှင့်အသင်းလိုက်ပထမဆုကို ရရှိခဲ့ကြောင်းသိရသည်။ပထမဆုရရှိခဲ့သည့်အတွက် မိဘပြည်သူ များအား ပြန်လည်ဖျော်ဖြေခြင်းကို အုန်းပင်စုရပ်ကွက် ဗိုလ်ချုပ်လမ်းဆုံတွင် ဆုရရှိခဲ့မှုအား ဖျော်ဖြေခြင်းကို ယနေ့နံနက်၁၀အချိန်ကတီးမှုတ်ဖျော်ဖြေကြရာ မိဘပြည်သူများ၊ တွံတေးမြို့အ.ထ.က(၁)တွံတေး၊အ.ထ.က (၂) နှင့် အ.ထ.က(ခွဲ)ကျွန်းတောမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်
ရန်ကုန်တိုင်း၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(တွံတေး)ဘင်ခရာအဖွဲ့ပထမဆု ရရှိသည့်အတွက် ပြည်သူများအား ဖျော်ဖြေရေးဆောင်ရွက်
Dec 05 • 2:04 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 13 | 0 | 0 | 0 |


