တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းပတ်ပတ် လည်ရှိဆိုင်ခန်းများကို အားချင်း ဖယ်ရှားခိုင်းနေကြောင်း ဆိုင်ခန်း ရှင်များထံမှသိရသည်။ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ပြည်နယ်အား ကစားကွင်းပတ်ပတ်လည်ရှိဆိုင်ခန်းများကိုဒီဇင်ဘာ ၁ ရက်နေ့မှစ၍ ဆိုင်ခန်းခငွေများ ကောက်ခံခြင်း မပြုတော့ဘဲ ဆိုင်ခန်း၊တိုက်ခန်းများ ဖယ်ရှားရန် အားချင်းဆောင်ရွက်နေကြောင်း သိရသည်။"ဒုက္ခတော့ ရောက်ကုန်ပါပြီ။ တောင်ကြီးမှာ ရေကူး ကန် ဆောက်မယ်လို့လည်း ပြောတယ်။ ဖြစ်ရော ဖြစ်နိုင်ပါ့မလား ၊ အခု ဆိုင်ခန်းတွေကို စျေးတိုးကောက်မယ်ဆိုရင် ပေးမယ့်သူတွေ ချည်းပါပဲ၊ ဘာတွေ လုပ်နေလဲ မသိတော့ဘူး။ ”ဟု ဆိုင်ခန်းရှင် တစ်ဦးကပြော သည်။ထိုဘော်လုံးကွင်းကို နိုင်ငံတကာအဆင့်မီ အားကစားကွင်း ၊ အားကစားရုံ နှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာ Youth Center များ တည်ဆောက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ 
Dec 05 • 2:03 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 18 | 0 | 0 | 0 |


