back

ရုရှား-မြန်မာ ပူးပေါင်းမှု သဘာဝမြေသြဇာစက်ရုံစီမံကိန်းကို တစ်နှစ်အတွင်း အပြီးသတ်ရန် ဒီဇင်ဘာလတွင် စတင်ရန် ရည်ရွယ်

Dec 05 • 1:49 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှား-မြန်မာ ပူးပေါင်းမှု သဘာဝမြေသြဇာစက်ရုံစီမံကိန်းကို တစ်နှစ်အတွင်း အပြီးသတ်ရန် ဒီဇင်ဘာလတွင် စတင်ရန် ရည်ရွယ်

ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မည့် သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ရေးစီမံကိန်းကို ယခု ဒီဇင်ဘာလတွင် စတင်နိုင်ရန် ရည်ရွယ်ထားပြီး တစ်နှစ်အတွင်း ပြီးမြောက်အောင် ဆောင်ရ...

ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မည့် သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ရေးစီမံကိန်းကို ယခု ဒီဇင်ဘာလတွင် စတင်နိုင်ရန် ရည်ရွယ်ထားပြီး တစ်နှစ်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှမိုးနှင့် ရုရှားရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ ရော့စ်ကွန်ဂရက် (Roscongress) တို့ ဒီဇင်ဘာ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါစက်ရုံအတွက် ကုန်ကြမ်းဖြစ်သည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို မွေးမြူရေးဇုန်များမှ ဝယ်ယူရန် ဝန်ကြီးဌာနဘက်မှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ထားသည်။ ရုရှားနည်းပညာဖြင့် ထုတ်လုပ်မည့် သဘာဝမြေသြဇာသည် ဈေးနှုန်းသက်သာပြီး တစ်ဧကလျှင် ကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ အတွင်းသာ ကုန်ကျမည့်အပြင် မြေထိန်းသိမ်းမှုအတွက်လည်း အသုံးဝင်ကြောင်း သိရသည်။ လက်ရှိတွင် နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် သဘာဝမြေဩဇာများ ဖြန့်ဝေထားပြီး စက်ရုံတည်ဆောက်ပြီးပါက ပြည်တွင်းထုတ်လုပ်မှုနှင့် အချိုးညီ ဖြန့်ဝေသွားမည်ဖြစ်သည်။

news-view-count-icon

23