မန္တလေး မဟာမြတ်မုနိဘုရားကြီးရှိ သာသနိကအဆောက်အအုံများအား ပြန်လည်ပြုပြင်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး တွက်ချက်ဆောင်ရွက်ရန် မှာကြား

Dec 05 • 1:26 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး မဟာမြတ်မုနိဘုရားကြီးရှိ သာသနိကအဆောက်အအုံများအား ပြန်လည်ပြုပြင်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး တွက်ချက်ဆောင်ရွက်ရန် မှာကြား

မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်ခဲ့သော မဟာမြတ်မုနိဘုရားကြီးကို ယနေ့ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်ယာယီသမ္မတ သည် ဖူးမြော်ကြည်ညိုခဲ့ပြီး ဘုရားကြီးရှိ သာသနိ...

မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်ခဲ့သော မဟာမြတ်မုနိဘုရားကြီးကို ယနေ့ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်ယာယီသမ္မတ သည် ဖူးမြော်ကြည်ညိုခဲ့ပြီး ဘုရားကြီးရှိ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်၊ အသစ်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ရှေးမူမပျက် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စနစ်တကျဖြစ်စေရေး တွက်ချက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့သည် ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူတော်ငွေများ ပေးအပ်လှူဒါန်းခဲ့ကြပြီး၊ ငလျင်ဒဏ်ကြောင့် မြေခခဲ့ရသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့၌ လှူဒါန်းထားသည့် ရတနာများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အပြင် ဘုရားဖူးများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရန်အတွက် ဘုရားစောင်းတန်းများ စနစ်တကျဖြစ်ရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

7