ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(က) အုပ်စုအဖွင့်ပွဲကို ဒီနေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာမှာ အိမ်ရှင် ထိုင်းအမျိုးသမီးအသင်းက အင်ဒိုနီးရှားအမျိုးသမီးအသင်းကို ၈-၀ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ထိုင်းအသင်းအနေနဲ့ အုပ်စုတွင်းမှာ ခက်ခဲတဲ့ပြိုင်ဘက်လို့ ဆိုရမယ့် အင်ဒိုကို ဂိုးပြတ်နိုင်လိုက်တာကြောင့် ဆီမီးဖိုင်နယ်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်ဖို့ အလားအလာများသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ အုပ်စု(က)မှာ ကမ္ဘောဒီးယားအသင်း နုတ်ထွက်သွားပြီးနောက် ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ သုံးသင်းသာ ကျန်ခဲ့ကာ အင်ဒိုနီးရှားအနေနဲ့ အုပ်စု ဒုတိယပွဲအဖြစ် ဒီဇင်ဘာ ၇ရက်မှာ စင်ကာပူအသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။



