မနက်ဖြန်မှာ စတင်ယှဉ်ပြိုင် ကစားကြမယ့် 2025 ဆီးဂိမ်းပြိုင်ပွဲ မြန်မာ အမျိုးသား၊အမျိုးသမီးအသင်းတို့ရဲ့ ဘောလုံးပွဲစဉ်များကို SEA Games Football Focus အစီအစဥ်ကနေတင်ဆက်သူ မြတ်ဘုန်း နဲ့အတူ ဆွေးနွေးတင်ဆက်ပေးသွားကြမယ့် သူများကတော့ မြန်မာဘောလုံး ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ ဦးမျိုးမင်းထွန်း (ဟံသာဝတီယူနိုက်တက်အသင်း နည်းပြချုပ်) နှင့် ဦးကျော်ဒွန်း (ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်ဟောင်း) တို့ဖြစ်ပါတယ်။SEA Games Football Focus အစီအစဥ် ကိုတော့ မြန်မာဘောလုံးအသင်းတွေရဲ့ ပွဲစဥ်တွေ မစတင်ခင် အချိန်တိုင်းမှာ MRTV-4 နဲ့ Channel 7 ရုပ်သံလိုင်းတို့ကနေ တိုက်ရိုက်
တင်ဆက်သွားမှာဖြစ်ပါတယ်။Pyone Play App ကနေ တဆင့်လည်း ကြည့်ရှုနိုင်မှာ လည်းဖြစ်ပါတယ်။



