back

စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၃၀ ရောင်းချပေးမည်

Dec 04 • 3:56 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၃၀ ရောင်းချပေးမည်

နိုင်ငံခြားငွေကြေးဈေးကွက်ကတစ်ဆင့် စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း(၃၀) ရောင်းချ ပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာလ ၃ ရက်မှာ ထုတ်ပြန်ပါ...

နိုင်ငံခြားငွေကြေးဈေးကွက်ကတစ်ဆင့် စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း(၃၀) ရောင်းချ ပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာလ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။ ဗဟိုဘဏ်၊ AD လိုင်စင်ရ ဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေး မှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ ဒီဇင်ဘာလ ၃ ရက်မှာပဲ CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေ ထဲက အမေရိကန်ဒေါ်လာ ၁ သန်းခွဲ ကျော်ကိုလည်း စားသုံးဆီ တင်သွင်းတဲ့ကုမ္ပဏီတွေကို ရောင်းချပေးခဲ့ပါသေး တယ်။FX Market Online Trading Platform မှာ ဒီဇင်ဘာ ၃ ရက်အထိ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်တဲ့ ဈေးနှုန်း တွေကတော့ အမေရိကန်တစ်ဒေါ်လာကို ၃၆၄၇ ကျပ်၊ ထိုင်း တစ်ဘတ်ကို ၁၂၄ ဒသမ ၅၀ ကျပ်နဲ့ တရုတ် တစ်ယွမ်ကို ၅၅၆ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

34