ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည့် ငရုတ်သီး(အခြောက်)နှင့် ငရုတ်သီး(အစို)များတွင် Chlorpyrifos နှင့် Triazophos ပိုးသတ်ဆေး၊ Glyphosate ပေါင်းသတ်ဆေး၊ Aflatoxin မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိရ၍ စိစစ်ရာ ငရုတ်သီး(အခြောက်)နှင့် ငရုတ်သီး(အစို) များကို မြဝတီနယ်စပ်ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီ ၁၁ ခုနှင့် မောတောင်နယ်စပ်ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီတစ်ခုတို့က တင်ပို့ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟု ဆိုသည်။ထို့ကြောင့် ငရုတ်သီးတင်ပို့မည့် ကုမ္ပဏီများအနေဖြင့် မတင်ပို့မီ ငရုတ်သီးနမူနာများကို စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်) မှ ISO 17025 လက်မှတ်ရရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။



