ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းတွင် ထိုင်းနယ်ခြားစောင့်တပ်သည် မြ၀တီမြို့ ကျောက်ခက်ရှိ တိုင်ချန်ကျားဖြန့်စင်တာမှ သောင်ရင်းမြစ်အား ကူးကာ ဖြတ်ကျော်လာသော တရုတ်နိုင်ငံသား ၈ ယောက်ကို ဖမ်းဆီးရမိခဲ့ရာ ထိုထဲတွင် တစ်ဦးသည် ၀ရမ်းပြေးဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။



