back

ကျန်းမာရေးအာမခံအတွက် My Number Card ကို အဓိက ID အဖြစ် အသုံးပြုတဲ့ စနစ်သစ်ကို ဂျပန်မှာ စတင်

Dec 04 • 1:56 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ကျန်းမာရေးအာမခံအတွက် My Number Card ကို အဓိက ID အဖြစ် အသုံးပြုတဲ့ စနစ်သစ်ကို ဂျပန်မှာ စတင်

အာမခံဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေရရှိဖို့ အဓိကလိုအပ်တဲ့ သက်သေခံကတ်ပြားတွေအဖြစ် My Number Card လို့ လူသိများတဲ့ လူတစ်ဦးချင်းစီအတွက် နံပတ်ပါကတ်ကို အသုံးပြုတဲ့ ကျန်...

အာမခံဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေရရှိဖို့ အဓိကလိုအပ်တဲ့ သက်သေခံကတ်ပြားတွေအဖြစ် My Number Card လို့ လူသိများတဲ့ လူတစ်ဦးချင်းစီအတွက် နံပတ်ပါကတ်ကို အသုံးပြုတဲ့ ကျန်းမာရေးအာမခံ ID စနစ်အသစ်ကို ဂျပန်နိုင်ငံမှာ စတင်အသုံးပြုလိုက်ပြီ ဖြစ်ပါတယ်။ အစိုးရဟာ ဒီလုပ်ဆောင်မှုကတစ်ဆင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ဒစ်ဂျစ်တယ်အသွင်ပြောင်းဖို့ ရည်မှန်းထားပါတယ်။ ဆေးရုံတွေနဲ့ ဆေးဆိုင်တွေမှာ ရှုပ်ထွေးမှုတွေကို ရှောင်ရှားနိုင်ဖို့ My Number Card နဲ့ ကျန်းမာရေးအာမခံအကျုံးဝင်လက်မှတ် နှစ်ခုစလုံး မရှိသူတွေဟာ သက်တမ်းကုန်ဆုံးသွားတဲ့ အာမခံကတ်တွေနဲ့ ၂၀၂၆ ခုနှစ် မတ်လကုန်အထိ ကုသမှုဆက်လက်ခံယူနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။


news-view-count-icon

2