တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဥ်အဖြစ် ရောက်ရှိနေသည့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က သမ္မတရှီကျင့်ဖျင်အား ပထဝီနိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း ရိုက်တာသတင်းက ဒီဇင်ဘာလ ၄ ရက် ယနေ့ ဖော်ပြသည်။ ဥရောပသမဂ္ဂက ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် တရုတ်အကူအညီ ရှာဖွေနေချိန်၊ ပေကျင်းက အမေရိကန်၏ အခွန်တိုးကောက်မှုကြား သံတမန်ရေးအရ အောင်ပွဲများ ရှာဖွေနေချိန် ပြင်သစ်သမ္မတ မက်ခရွန်က ထိုသို့တိုက်တွန်းခဲ့ခြင်းဟုလည်း ဆို ထားသည်။



