back

ရန်ကုန်လေထုညစ်ညမ်းမှု ကျန်းမာရေးကို ထိခိုက်စေသည့် အနီရောင်အဆင့်အထိ ရောက်ရှိလာ

Dec 04 • 11:17 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်လေထုညစ်ညမ်းမှု ကျန်းမာရေးကို ထိခိုက်စေသည့် အနီရောင်အဆင့်အထိ ရောက်ရှိလာ

ရန်ကုန်မြို့တွင် လေထုညစ်ညမ်းမှုသည် ယခုရက်ပိုင်းအတွင်းကျန်းမာရေးကိုထိခိုက်စေသည့် အနီရောင်အဆင့်အထိ ရောက်ရှိလာ ကြောင်းEnvironment, Health and Safety Myanmar (EHS) ...

ရန်ကုန်မြို့တွင် လေထုညစ်ညမ်းမှုသည် ယခုရက်ပိုင်းအတွင်းကျန်းမာရေးကိုထိခိုက်စေသည့် အနီရောင်အဆင့်အထိ ရောက်ရှိလာ ကြောင်းEnvironment, Health and Safety Myanmar (EHS) Myanmar ကထုတ်ပြန်ထားသည်။လေထုအရည်အသွေးတိုင်းတာ ထုတ်ပြန်ပေးနေသည့် ဆွစ်ဇာလန်အခြေစိုက် ဝက်ဘ်ဆိုက် (IQAir)၏ ဖော်ပြချက်အရ ဒီဇင်ဘာ (၁)ရက် တွင် ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (AQI) သည် ၁၇၄ နှင့် ဒီဇင်ဘာလ (၂)ရက်‌ တွင် ၁၇၈ တို့ဖြင့်အနီရောင်အဆင့်အထိ ရောက်ရှိလာသည်။ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်းသည် အနီရောင်အဆင့်ရောက်ရှိကာ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် (၁၁) ရောက်ရှိနေကြောင်း EHS မှ ဆက်လက် ဖော်ပြထားသည်။လေထုအရည်အသွေးညွှန်းကိန်း (AQI) ၀ မှ ၅၀ အတွင်းသည် ကောင်းမွန်ပြီး ၅၀ မှ ၁၀၀ အကြားသည် အလယ်အလတ်အဆင့်၊ ၁၀၁ မှ ၁၅၀ အကြားရှိပါက ထိခိုက်လွယ်သူများအတွက်လေထုမှာ ကောင်းမွန်မှုမရှိကြောင်း သိရပါသည်။၁၅၁ မှ ၂၀၀ အဆင့်ရှိပါက ကျန်းမာရေးအတွက် မကောင်းကြောင်း၊ ၂၀၁ မှ ၃၀၀ အဆင့်ရှိပါက ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ ၃၀၁အထက်ရှိပါက ကျန်းမာရေးကို အန္တရာယ်ပေးသည့်အဆင့်ဖြစ်ကြောင်း သိရပါသည်။





news-view-count-icon

18