ပြည်တွင်းကုမ္ပဏီ ၂၅ ခုကို မှတ်ပုံတင်ထားတဲ့ လိပ်စာ မှာ မရှိတာကြောင့် အမည်ပျက် စာရင်းသွင်းလိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန က သိရပါတယ်။အွန်လိုင်းမှတ်ပုံတင်စနစ်မှာ ဖွဲ့စည်း မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ တွေ အနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက် တွေကို လေးစားလိုက်နာရမယ့်အပြင် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ အစိုးရဌာန၊အဖွဲ့အစည်း တွေ က ချမှတ်ထားတဲ့ တခြားတည်ဆဲဥပဒေနဲ့ နည်းဥပဒေ တွေ လိုက်နာတာမရှိကြောင်း တွေ့ရှိတယ်ဆိုရင် ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက် မှာ မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိစေနိုင်ဖို့ ကြေညာသွားမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အသိပေး ကြေညာခဲ့ပြီးဖြစ်ပါတယ်လို့ " ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန က ဆိုပါတယ်။လက်ရှိမှာ ကုမ္ပဏီ ၂၅ ခု ဟာ ဆက်စပ်ဌာန တွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနဲ့ ပြည်တွင်းအခွန်များဦးစီးဌာန တွေက အီလက်ထရောနစ် မှတ်ပုံတင်စနစ်(MyCO) မှာ ဖော်ပြထားတဲ့ လိပ်စာတွေမှာ တည်ရှိနေတာ မရှိကြောင်း ပေးပို့ လာတယ်လို့ဆိုပါတယ်။ ၎င်းကုမ္ပဏီ ၂၅ ခု ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ကုန်ဆုံးတဲ့ အထိ အမည်ပျက် စာရင်း (Black List) ထည့်သွင်း သတ်မှတ်ထားတယ်လို့သိရပါတယ်။ပြည်တွင်းအခွန်ဦးစီးဌာနက ကုမ္ပဏီ ၁၁ ခု၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန က ၁၃ ခု၊ နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန က ကုမ္ပဏီ ၁ ခု စုစုပေါင်း ကုမ္ပဏီ ၂၅ ခု ဖြစ်တယ်လို့သိရပါတယ်။





