နှာခေါင်းကွဲ၊ အာခေါင်းကွဲ လူနာများကို မော်လမြိုင်ဆေးရုံကြီး၌ ဒီဇင်ဘာ(၁၆)ရက်တွင် အခမဲ့ ကုသပေးမည်ဖြစ် ပါတယ်။သဲဖြူဆရာတော်ကြီးအား အမှူးထား၍ အလှူရှင်များက စုပေါင်းလှူဒါန်းခြင်းဖြစ်ကာ ခွဲစိတ်ကုသခံယူလိုသူများသည် မော်လမြိုင်ဆေးရုံအုပ်ကြီးရုံးတွင်လည်း စာရင်းပေးသွင်းနိုင်သည်။ထိုနည်းတူ မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရုံး၌လည်း စာရင်းပေးသွင်းနိုင်ကြောင်း လူမှုကွန်ရက်တွင် မျှဝေထားသည်။



