back

တရုတ်နိုင်ငံတွင် စွမ်းရည်မြင့်ဓာတ်ငွေ့တာဘိုင်က ကာဗွန်လျော့ကျစေမည့် စွမ်းအင်ထောက်ပံ့မှု မြှင့်တင်ပေး

Dec 04 • 4:00 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံတွင် စွမ်းရည်မြင့်ဓာတ်ငွေ့တာဘိုင်က ကာဗွန်လျော့ကျစေမည့် စွမ်းအင်ထောက်ပံ့မှု မြှင့်တင်ပေး

တရုတ်နိုင်ငံအ‌ရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ၈၄၃ မဂ္ဂါဝပ် ဓာတ်ငွေ့တာဘိုင်တစ်ခုကို ၁၆၈ နာရီကြာ ဝန်အပြည့်ဖြင့် စမ်းသပ်လည်ပတ်မှုအောင်မြင်ပြီးဆုံးပြီးနောက် ဓာတ်အားလ...

တရုတ်နိုင်ငံအ‌ရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ၈၄၃ မဂ္ဂါဝပ် ဓာတ်ငွေ့တာဘိုင်တစ်ခုကို ၁၆၈ နာရီကြာ ဝန်အပြည့်ဖြင့် စမ်းသပ်လည်ပတ်မှုအောင်မြင်ပြီးဆုံးပြီးနောက် ဓာတ်အားလိုင်းနှင့် နိုဝင်ဘာ ၃၀ ရက်တွင် တရားဝင် ချိတ်ဆက်လိုက်ပြီဖြစ်သည်။အန်းကျီခရိုင်ရှိ တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းကုမ္ပဏီလီမိတက်စက်ရုံ၏ ယူနစ်နှစ်ခုအနက် ပထမယူနစ်တစ်ခုသည် အံ့သြဖွယ်စွမ်းဆောင်ရည်နှုန်း ၆၄.၁၅ ရာခိုင်နှုန်းရရှိခဲ့ခြင်းသည် ခန့်မှန်းခြေအားဖြင့် သမားရိုးကျကျောက်မီးသွေးလောင်စာသုံးယူနစ် ကီလိုဝပ်သန်းချီထက် ၁၇ ရာခိုင်နှုန်း တိုးမြင့်သည်ကို ကိုယ်စားပြုကြောင်းသိရသည်။ကာဗွန်လျော့နည်းသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ၂၀၃၀ ပြည့်နှစ်ကို ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေးနှင့် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု မျှခြေအဆင့်ရောက်ရှိရေး ဟူသည့် ကာဗွန်ပန်းတိုင်နှစ်ခုကို ရောက်ရှိရန် တရုတ်နိုင်ငံ၏ မဟာဗျူဟာအဓိကမောင်းနှင်မှုတစ်ခု ဖြစ်သည်။

news-view-count-icon

18