ကမ္ဘောဒီးယားဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍသည် ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇.၃၂ ဘီလီယံ ဆွဲဆောင်နိုင်ခဲ့ပြီး ယမန်နှစ်အလားတူကာလက ရရှိခဲ့သည့် ဒေါ်လာ ၄.၃၃ ဘီလီယံထက် ၆၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက်က တရားဝင်အစီရင်ခံစာအရ သိရသည်။ယနေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် အထပ်မြင့်အဆောက်အအုံပေါင်း ၃,၂၅၄ ခု (ငါးထပ်မှအထပ် ၄၀ ကြား)နှင့် မြို့သစ်နှင့် လူနေအိမ်ရာ ၆၉၈ ခုရှိပြီး အများစုမှာ ဖနွမ်းပင်မြို့တော်တွင်ဖြစ်ကြောင်း အစီရင်ခံစာတွင် ထပ်မံဖော်ပြခဲ့သည်။လက်ရှိအချိန်တွင် နိုင်ငံခြားကုမ္ပဏီပေါင်း ၃၇၇ ခု အပါအဝင် ဆောက်လုပ်ရေးနှင့်နေအိမ်ဒီဇိုင်း ကုမ္ပဏီပေါင်း ၉၅၃ သည် ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။



