back

ထိုင်းရဲ့ရတ်ခ်ျဘူရီခရိုင်တွင် နိုင်ငံခြားလုပ်သား ၁၅ ဦး တင်ဆောင်လာသည့် ကားတစ်စီး ဘီးပေါက်၍ ဆည်မြောင်းထဲကျကာ ကိုးဦး သေဆုံး

Dec 04 • 2:54 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းရဲ့ရတ်ခ်ျဘူရီခရိုင်တွင် နိုင်ငံခြားလုပ်သား ၁၅ ဦး တင်ဆောင်လာသည့် ကားတစ်စီး ဘီးပေါက်၍ ဆည်မြောင်းထဲကျကာ ကိုးဦး သေဆုံး

ထိုင်းနိုင်ငံ ရတ်ခ်ျဘူရီခရိုင်တွင် ဒီဇင်ဘာ၃ ရက် နံနက်ပိုင်းက နိုင်ငံခြားသား အလုပ်သမား၁၅ ဦး တင်ဆောင်လာသည့် ကားတစ်စီး ဘီးပေါက်၍ ဆည်မြောင်းထဲကျပြီး လူကိုးဦးသေဆုံးခ...


ထိုင်းနိုင်ငံ ရတ်ခ်ျဘူရီခရိုင်တွင် ဒီဇင်ဘာ၃ ရက် နံနက်ပိုင်းက နိုင်ငံခြားသား အလုပ်သမား၁၅ ဦး တင်ဆောင်လာသည့် ကားတစ်စီး ဘီးပေါက်၍ ဆည်မြောင်းထဲကျပြီး လူကိုးဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။ရတ်ခ်ျဘူရီခရိုင် ပါက်ထောမြို့နယ် နောင်ကရထုမ့်ကျေးရွာအုပ်စု ကျေးရွာ (၄) ရှိ ဆည်မြောင်းဘေးလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမတော်တဆမှုတွင် ကြေးဝါရောင်တိုယိုတာ SUV ကား ပါဝင်ပြီး ကားအတွင်း လူကိုးဦး (အမျိုးသား ရှစ်ဦး၊အမျိုးသမီး တစ်ဦး) သေဆုံးပြီးခြောက်ဦး ထွက်ပြေးသွားကြောင်းသိရသည်။သေဆုံးသူများ အားလုံးသည်နိုင်ငံခြားသား အလုပ်သမားများဖြစ်ပြီး ယခုအချိန်ထိ နိုင်ငံ စုံ စုံစမ်း

ရေးက လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးမှုအရ ကား၌ လူ ၁၅ ဦး တင်ဆောင်လာခဲ့ပြီး ဝန်အလေးချိန် များပြားကာဘီးပေါက်သည့်အတွက် ထိန်းချုပ်မရတော့ဘဲ ဆည်မြောင်းထဲကျခဲ့ခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းထားပြီး ကားပေါ်မှ လွတ်မြောက်ခဲ့သူများကိုအနက်ရောင် ပေါကူးကားဖြင့်ခေါ်ဆောင်သွားကြောင်း ဖြစ်ရပ်ကိုမြင်တွေ့ခဲ့သူများက ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့သည် ကားပိုင်ရှင်နှင့်ထွက်ပြေးသူများကို ရှာဖွေဖမ်းဆီးရန်ကြိုးပမ်းလျက်ရှိပြီး လုံခြုံရေးကင်မရာမှတ်တမ်းများကိုလည်း စစ်ဆေးနေကြောင်း သိရသည်။



news-view-count-icon

21