အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်မှာ ဒီဇင်ဘာလ ၁ ရက်ကနေ စတင်ကျင်းပခဲ့တဲ့ ၂၆ ကြိမ်မြောက်အောက်ချင်းငှက်ပွဲတော် ( Hornbill Festival ) ပထမနှစ်ရက်မှာ ဧည့်သည် ၄၀၅၀၀ ကျော်တက်ရောက်ခဲ့ကြတယ်လို့ နာဂလဲန်း ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ကပြောကြားခဲ့ပါတယ်။ပထမရက်မှာ လူပေါင်း ၂၂၅,၀၈ ဦးတက်ရောက်နိုင်ခဲ့ပြီးသူတို့အနက် နိုင်ငံတကာဧည့်သည် ၃၆၃ ဦး၊ ပြည်တွင်း ခရီးသွား ၅၃၁၄ ဦးနဲ့ ဒေသခံ ၁၆၈,၃၁ ဦးတို့ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူ ဒုတိယနေ့မှာ လူပေါင်း ၁၈,၀၁၀ ဦး တက်ရောက်ခဲ့ပြီး သူတို့အနက် နိုင်ငံခြားခရီးသွား ၃၄၁ ဦး၊ အခြားအိန္ဒိယနိုင်ငံမှ ခရီးသွား ၄,၈၉၃ ဦးနဲ့ ဒေသခံ ၁၂,၇၇၆ ဦးတို့ ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီပွဲကို ဒီဇင်ဘာ ၁၀ ရက်ထိကျင်းပသွားမှာဖြစ်ပါတယ်။
အဆိုပါပွဲတော်မှာ ယဉ်ကျေးမှု ဖျော်ဖြေပွဲများ၊ လက်မှုပညာ နဲ့ တိုင်းရင်းသားရိုးရာ အားကစားများ ဖြင့် နာဂလူမျိုးများရဲ့ ရိုးရာဓလေ့များကို ခင်းကျင်းပြသထားကာ ဒေသတွင်း ခရီးသွားများ ဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ပွဲတော်ဆက်လက်ကျင်းပလာသည်နဲ့အမျှ လာရောက်သူဦးရေ တိုးလာမယ်လို့ တာဝန်ရှိသူများက မျှော်လင့်နေ ကြပါတယ်။ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ အိုင်ယာလန် သံအမတ်ကြီး Kevin Kelly က ယဉ်ကျေးမှု မိတ်ဆက်ပွဲတွေဟာ စွဲမက်ဖွယ်ကောင်းပြီး စွမ်းအင်ပြည့်ဝတယ်လို့ မှတ်ချက်ချခဲ့ပါတယ်။လူငယ်အကအဖွဲ့ကြီးဟာ နာဂအမွေအနှစ်ကို အကျယ်တဝင့်ပြသခဲ့ပြီး ဖလှယ်မှုမှ အိုင်ယာလန်တွင် အခွင့်အလမ်းများရှာဖွေရန် နာဂလူငယ်များကို ပိုမိုအားပေးလာမယ်လို့ မျှော်လင့်ကြောင်း ၎င်းက ပြောပါတယ်။အောက်ချင်းငှက်ပွဲတော် (Hornbill Festival) ဟာ နာဂရိုးရာယဉ်ကျေးမှုကို ပြသရန်နဲ့ နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် အရေးပါသော ပလက်ဖောင်းတစ်ခုအဖြစ် ဆက်လက် တည် ရှိနေကာနာဂလန်း အမွေအနှစ်ခရီးသွားလုပ်ငန်းအတွက် ထင်ရှားသောနေရာတစ်ခုအဖြစ် တည်ထောင် သွားမယ်လို့သိရပါတယ်။နာဂလန်းပြည်နယ်ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ်တစ်ခုဖြစ်ပြီး အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ မြောက်ဘက်တွင် အရုဏချယ် ပရာဒေ့ရှ် ၊ အာသံပြည်နယ် နဲ့ တောင်ဘက်တွင် မဏိပူရ်ပြည်နယ်တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေသော တောင်ကုန်းများတွင် တည်ရှိပြီး ပြည်နယ်မြို့တော်မှာ ကိုဟီမာမြို့ဖြစ်ပါတယ်။



