back

သံဖြူဇရပ်မြို့နယ်ရှိ မီးရထားပြတိုက်နှင့် ပန်းခြံ အဆင့်မြှင့်တည်ဆောက်မည်

Dec 03 • 5:02 PM

breaking-news

မြန်မာ

မွန်

cover

သံဖြူဇရပ်မြို့နယ်ရှိ မီးရထားပြတိုက်နှင့် ပန်းခြံ အဆင့်မြှင့်တည်ဆောက်မည်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ မီးရထားပြတိုက်နှင့် ပန်းခြံအဆင့်မြှင့်တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။မီးရထားပြတိုက်နှင့် ပန်းခြံအဆင့်မ...

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ မီးရထားပြတိုက်နှင့် ပန်းခြံအဆင့်မြှင့်တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။မီးရထားပြတိုက်နှင့် ပန်းခြံအဆင့်မြှင့်တည် ဆောက်ခြင်းလုပ်ငန်း အပိုင်း(ဂ)ဧရိယာ၏ မြေဧရိယာ ၀ ဒသမ ၈၂ ဧကအတွင်း Food Court တည်ဆောက်ခြင်းနှင့် ၀ ဒသမ ၈၂ ဧကအတွင်း Mini Market တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။အဆိုပြုလွှာ တစ်စောင်လျှင် ကျပ် ၅ သောင်းဖြင့် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ နို၀င်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ၀ယ်ယူနိုင်ပြီး အဆိုပြုလျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်နေ့ရက်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့အဖြစ်သတ်မှတ်ထားကြောင်း အသိပေးထားသည်။အဆိုပြုလွှာတင်သွင်းသူများထံ အဆိုပြုလွှာဖွင့်လှစ်မည့်ရက်ကို ထပ်မံအကြောင်း ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

23