back

လွိုင်ကော်မြို့မှာ တန်ဖိုးသင့်အိမ်ရာရရှိဖို့အတွက် နေအိမ်ပျက်စီးသွားတဲ့ ဒေသခံတွေ မဲနှိုက်ရ

Dec 03 • 1:42 PM

breaking-news

မြန်မာ

ကယား

cover

လွိုင်ကော်မြို့မှာ တန်ဖိုးသင့်အိမ်ရာရရှိဖို့အတွက် နေအိမ်ပျက်စီးသွားတဲ့ ဒေသခံတွေ မဲနှိုက်ရ

လွိုင်ကော်မြို့မှာ နေအိမ်ပျက်စီးသွားတဲ့ ပြည်သူတွေအတွက် တန်ဖိုးသင့်အိမ်ရာဆောက်လုပ်ပေးနေပြီး အဲ့ဒီအတွက် နေအိမ်အမှန်တကယ်ပျက်စီးသွားတဲ့ ဒေသခံတွေက မဲနှိုက်ယူရတယ်လို့...

လွိုင်ကော်မြို့မှာ နေအိမ်ပျက်စီးသွားတဲ့ ပြည်သူတွေအတွက် တန်ဖိုးသင့်အိမ်ရာဆောက်လုပ်ပေးနေပြီး အဲ့ဒီအတွက် နေအိမ်အမှန်တကယ်ပျက်စီးသွားတဲ့ ဒေသခံတွေက မဲနှိုက်ယူရတယ်လို့ သိရပါတယ်။ နေအိမ်ပျက်စီးသွားတဲ့ ပြည်သူ နဲ့ ဝန်ထမ်းတွေအတွက် တန်ဖိုးသင့်အိမ်ရာ အလုံး (၅၀) ကို ဆောက်လုပ်နေတယ်လို့ သိရပါတယ်။ အဆိုပါ တန်ဖိုးသင့်အိမ်ရာကို မြေနီကုန်းမြို့ဦး နဲ့ နောင်ယား ( က ) ရပ်ကွက်တွေမှာ တစ်ပြိုင်တည်း ဆောက်လုပ်နေပြီလို့ ပြောပါတယ်။လက်ရှိဆောက်လုပ်နေတဲ့ တန်ဖိုးသင့်အိမ်ရာတစ်လုံးဟာ အိမ်အကျယ် ၁၈ ၊ ၂၈ ပေပတ်လည်ဖြစ်ပြီး အိမ်တလုံးတန်ဖိုး သိန်း ၃၀၀ ကျော်ရှိနိုင်တယ်လို့ ဆောက်လုပ်ရေးကုမ္ပဏီနဲ့ နီးစပ်သူတစ်ဦးက အခုလိုပြောပါတယ်။




news-view-count-icon

12