ရန်ကုန်တိုင်း သန်လျင်မြို့နယ်ကနေ နိုဝင်ဘာ ၂၈ ရက်နေ့က မကွေးတိုင်း ရုပ်အလောင်းသွားပို့တဲ့ ပရဟိတယာဥ်တစ်စီး တိမ်းမှောက်ခဲ့ပြီးနောက် အသင်းဥက္ကဌ သေဆုံးခဲ့တယ်လို့ သိရပါတယ်။တိမ်းမှောက်ခဲ့တဲ့ကားပေါ်တွင် ဥက္ကဌ ဦးစိုးနိုင်(ခ)ဦးကျီးကန်းနဲ့ အခြားအသင်းသားတစ်ဦးမှာ ဒဏ်ရာ တွေရရှိခဲ့တဲ့အတွက် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသနေစဉ် ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းမှာတော့ အသင်းဥက္ကဌဖြစ်သူဟာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



