back

မုံရွာမှာ မြေးအဘွား ၂ဦး ပြန်ပေးဆွဲဖမ်းဆီးခံရပြီး သိန်း၂၅၀၀ နဲ့ ပြန်ရွေးဖို့ အကြောင်းကြားလာ

Dec 03 • 10:48 AM

breaking-news

မြန်မာ

စစ်ကိုင်း

breaking-news
cover

မုံရွာမှာ မြေးအဘွား ၂ဦး ပြန်ပေးဆွဲဖမ်းဆီးခံရပြီး သိန်း၂၅၀၀ နဲ့ ပြန်ရွေးဖို့ အကြောင်းကြားလာ

စစ်ကိုင်းတိုင်း မုံရွာမြို့ ချမ်းမြ၀တီရပ်ကွက်က အသက် ၈၀ ကျော် အဘွားတစ်ဦးနဲ့ မြေးဖြစ်သူကို လက်နက်ကိုင် လူတစ်စုက ဒီဇင်ဘာလ ၁ ရက် နေ့လည်ပိုင်းက ပြန်ပေးဆွဲ ဖမ်းဆီးသွာ...

စစ်ကိုင်းတိုင်း မုံရွာမြို့ ချမ်းမြ၀တီရပ်ကွက်က အသက် ၈၀ ကျော် အဘွားတစ်ဦးနဲ့ မြေးဖြစ်သူကို လက်နက်ကိုင် လူတစ်စုက ဒီဇင်ဘာလ ၁ ရက် နေ့လည်ပိုင်းက ပြန်ပေးဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ပြန်ပေးဆွဲဖမ်းဆီးခံလိုက်ရသူတွေဟာ စီးပွားရေးလုပ်ငန်းရှင် မိသားစုတွေ မဟုတ်ဘဲ စိုက်ပျိုးရေးနဲ့ တောင်သူလုပ်ငန်း လုပ်ကိုင်သူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။မြေးအဘွား ၂ ယောက်ကို ဖမ်းဆီးသွားခဲ့ တဲ့ ညပိုင်းမှာပဲ ၎င်းတို့ရဲ့မိသားစု၀င်တစ်ဦးဆီကို ဖုန်းကနေမက်ဆေ့ပို့ပြီး သိန်း၂၅၀၀ နဲ့ ရွေးဖို့ အကြောင်းကြားလာတယ်လို့ သိရပါတယ်။





news-view-count-icon

24