back

ထိုင်းနိုင်ငံ ရာချဘူရီခရိုင်တွင် ကားတစ်စီး တူးမြောင်းထဲ ထိုးကျ၍ မြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦး သေဆုံး

Dec 03 • 8:46 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ ရာချဘူရီခရိုင်တွင် ကားတစ်စီး တူးမြောင်းထဲ ထိုးကျ၍ မြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ရာချဘူရီခရိုင်၊ ဖတ်ထိုမြို့နယ်၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကားတစ်စီးသည် တာယာပေါက်ကာ ဝပ်လတ်ဆမန်ချန်ဘုရားကျောင်း အနောက်ဘက်ရှိ တ...

ထိုင်းနိုင်ငံ၊ ရာချဘူရီခရိုင်၊ ဖတ်ထိုမြို့နယ်၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကားတစ်စီးသည် တာယာပေါက်ကာ ဝပ်လတ်ဆမန်ချန်ဘုရားကျောင်း အနောက်ဘက်ရှိ တူးမြောင်းထဲသို့ ထိုးကျခဲ့သည့်အတွက် မြန်မာလုပ်သား ၉ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖော်ပြသည်။ ကယ်ဆယ်ရေးအဖွဲ့များက ကားကို ဆွဲတင်ရှာဖွေရာ ကားအတွင်း၌ သေဆုံးသူ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦးကို တွေ့ရှိခဲ့ရပြီး၊ အဆိုပါကားသည် တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁၅ ဦးကို တင်ဆောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ကျန်ရှိသော ၆ ဦးမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး၊ အာဏာပိုင်များက ယာဉ်မောင်းအား အရေးတကြီး လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

news-view-count-icon

27