back

(၃၃)ကြိမ်မြောက် ရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကာလအတွင်း မြန်မာအားကစားအဖွဲ့များ၏ ပွဲစဉ်များကို ထိုင်းနိုင်ငံမှ တိုက်ရိုက်ထုတ်လွှင့်ပေးမယ်

Dec 03 • 8:15 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

(၃၃)ကြိမ်မြောက် ရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကာလအတွင်း မြန်မာအားကစားအဖွဲ့များ၏ ပွဲစဉ်များကို ထိုင်းနိုင်ငံမှ တိုက်ရိုက်ထုတ်လွှင့်ပေးမယ်

ဒီဇင်ဘာ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက် ရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကာလအတွင်း မြန်မာအားကစားအဖွဲ့များ ယှဉ်ပြိုင်မည့် အားက...

ဒီဇင်ဘာ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက် ရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကာလအတွင်း မြန်မာအားကစားအဖွဲ့များ ယှဉ်ပြိုင်မည့် အားကစားပွဲစဉ်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)နှင့် Forever Group ရုပ်သံလိုင်းတို့ ပူးပေါင်းပြီး ဘန်ကောက်မြို့ရှိ နိုင်ငံတကာ ရုပ်သံထုတ်လွှင့်ရေးစင်တာ IBC မှ ထုတ်လွှင့်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။လက်ရှိမှာ နိုင်ငံတကာမှ ရုပ်သံမီဒီယာအသီးသီးလည်း ရောက်ရှိကာ ထုတ်လွှင့်ပြသနိုင်ရေး စီစဉ်လျက်ရှိပြီး သတင်းများရေးသားခြင်း နှင့် အွန်လိုင်းသတင်းများရေးသားခြင်းတွေအတွက် Main Press Center ကိုတော့ ဘန်ကောက်မြို့ရှိ PRD မီဒီယာစင်တာမှာ ဖွင့်လှစ်ထားပြီး မြန်မာ အားကစားအဖွဲ့များရဲ့ ယှဉ်ပြိုင်မှုများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နှင့် Forever Group ရုပ်သံလိုင်း နှင့် HTV Sports channels တို့မှ ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်းမှ ပရိသတ်များထံသို့ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမယ်လို့လည်း သိရပါတယ်။ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၃၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို မြန်မာကိုယ်စားပြု အားကစားအဖွဲ့အသီးသီးသည်လည်း ထိုင်းနိုင်ငံသို့ ထွက်ခွာနေပြီး အချို့အားကစားအဖွဲ့များလည်း ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ နေရာအသီးသီးသို့ ရောက်ရှိကာ လေ့ကျင့်မှုများ ပြုလုပ်နေကြပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

news-view-count-icon

40