back

ဘန်ကောက်တွင် PM2.5 အဆင့် လိမ္မော်ရောင်အထိ လေထုညစ်ညမ်းမှုကြောင့် ဒီဇင်ဘာ ၄ ရက်နေ့၌ နေအိမ်မှ အလုပ်လုပ်ရန် BMA တောင်းဆို

Dec 03 • 7:20 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်တွင် PM2.5 အဆင့် လိမ္မော်ရောင်အထိ လေထုညစ်ညမ်းမှုကြောင့် ဒီဇင်ဘာ ၄ ရက်နေ့၌ နေအိမ်မှ အလုပ်လုပ်ရန် BMA တောင်းဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ လေထုအတွင်း PM2.5 အမှုန်အမွှားသေးငယ်မှု ပမာဏသည် ကန့်သတ်ချက်ထက် ကျော်လွန်နေပြီး လိမ္မော်ရောင်အဆင့် ညစ်ညမ်းမှုသို့ ရောက်ရှိနေသည့်အတွက...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ လေထုအတွင်း PM2.5 အမှုန်အမွှားသေးငယ်မှု ပမာဏသည် ကန့်သတ်ချက်ထက် ကျော်လွန်နေပြီး လိမ္မော်ရောင်အဆင့် ညစ်ညမ်းမှုသို့ ရောက်ရှိနေသည့်အတွက် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) က ဒီဇင်ဘာလ ၄ ရက်နေ့တွင် မြို့ခံများအား နေအိမ်မှ အလုပ်လုပ်ရန် (Work-from-Home) တရားဝင် ထုတ်ပြန်တောင်းဆိုသွားမည်ဖြစ်သည်။ မြို့နယ် ၅၀ လုံးတွင် လိမ္မော်ရောင်အဆင့် ဆက်တိုက်ဖြစ်ပေါ်နေပြီး ကမ္ဘာ့လေထုညစ်ညမ်းမှုစာရင်းတွင် နံပါတ် ၁၉ နေရာ၌ ရှိနေသောကြောင့် BMA က အပြင်ထွက်သူတိုင်း PM2.5 စစ်ထုတ်နိုင်သော Mask များ အသုံးပြုရန်နှင့် ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်းစသည့် လက္ခဏာများရှိပါက ဆေးရုံသို့ သွားရောက်ရန် အကြံပြုထားသည်။ ၎င်းအပြင် ယာဉ်ပမာဏနှင့် အိတ်ဇောပမာဏကို လျှော့ချရန်အတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများ တောင်းဆိုသွားမည်ဟု သိရသည်။

news-view-count-icon

30