back

နှာခေါင်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ အခမဲ့ကုသပေးသွားမည်

Dec 03 • 5:49 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နှာခေါင်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ အခမဲ့ကုသပေးသွားမည်

သဲဖြူဆရာတော်ကြီးမှ နှာခေါင်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များကို လာမည့် ဒီဇင်ဘာ ၁၆ ရက်မှစတင်၍ မွန် ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ...

သဲဖြူဆရာတော်ကြီးမှ နှာခေါင်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များကို လာမည့် ဒီဇင်ဘာ ၁၆ ရက်မှစတင်၍ မွန် ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ထို့ကြောင့် ကုသမှုခံယူလိုသည့် နှာခေါင်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များအနေဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံအုပ်ကြီးရုံး၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရုံး၏ ဖုန်း ၀၉ ၇၆၅ ၀၀၇ ၁၁၉ ၊ ၀၉ ၄၅၆ ၆၆၆ ၁၁၉ တို့သို့ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။သဲဖြူဆရာတော်ကြီးမှ ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်မှ ၃၀ အထိကလည်း မော်လမြိုင်မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် (၇၀၀) ဦးကျော်ကို အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။


news-view-count-icon

33