ကယားပြည်နယ်(ကရင်နီပြည်)မှာရှိတဲ့ New Horizon Institute ကျောင်းက နောက်လာမဲ့ အပတ်စဉ်တွေမှာ နိုင်ငံခြား ဘာသာစကားသင်တန်းကျောင်း (Language School) အဖြစ် ပြောင်းလဲဖွင့်လှစ်တော့မယ်လို့ ကျောင်းတည်ထောင်သူ ဆရာမဒင်းဒင်းက မနေ့ ဒီဇင်ဘာလ ၂ ရက်က ကျင်းပတဲ့ Batch 3 ကျောင်းဆင်းပွဲမှာ အွန်လိုင်းကနေ တက်ရောက်ပြောကြားခဲ့ပါတယ်။New Horizon ကျောင်းကနေ Social Study၊ Political Science၊ ကွန်ပျူတာနဲ့ နိုင်ငံခြားဘာသာစကား စတဲ့ဘာသာရပ်အစုံကို Batch 3 အထိ သင်ကြားပေးခဲ့ပြီး နောက်လာမဲ့ အပတ်စဉ်တွေမှာတော့ နိုင်ငံခြားဘာသာစကား သီးသန့်သင်ကြားပေးမဲ့ ဘာသာစကားသင်တန်းကျောင်းတစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ဒါပေမဲ့ ၆ လ သို့မဟုတ် ၁ နှစ်အတွင်းမှာတော့ ကျောင်းဖွင့်လှစ်နိုင်အုံးမှာ မဟုတ်တဲ့အတွက် ကျောင်းလျှောက်လွှာတွေလည်း မဖွင့်သေးဘူးလို့ သိရပါတယ်။မြေပြင်မှာ ကျောင်းဖွင့်လှစ်နိုင်တဲ့အခါ သင်ကြားပေးမဲ့ ဘာသာစကားတွေကတော့ အင်္ဂလိပ်၊ အီတလီ၊ တရုတ်နဲ့ ထိုင်းဖြစ်ပါတယ်။မနေ့ကပြုလုပ်တဲ့ Batch 3 ကျောင်းဆင်းပွဲမှာတော့ ကျောင်းသား၊ ကျောင်းသူ ၂၈ ယောက် ဒီပလိုမာရရှိခဲ့ကြပါတယ်။



