back

သျှမ်းသမိုင်းနောက်ခံဝတ္ထု “นางเมือง ၼၢင်းမိူင်း” စာအုပ်မိတ်ဆက်ပွဲကို ချင်းမိုင်တက္ကသိုလ်တွင် ပြုလုပ်

Dec 03 • 4:17 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

သျှမ်းသမိုင်းနောက်ခံဝတ္ထု “นางเมือง ၼၢင်းမိူင်း” စာအုပ်မိတ်ဆက်ပွဲကို ချင်းမိုင်တက္ကသိုလ်တွင် ပြုလုပ်

“นางเมือง ၼၢင်းမိူင်း” - နန်းမိန်း အမည်ရ ထိုင်းဘာဘာဖြင့် ရေးသားထားသည့် သျှမ်းသမိုင်းနောက်ခံ ဝတ္ထုစာအုပ် မိတ်ဆက်ပွဲကို ယမ‌န်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ...

“นางเมือง ၼၢင်းမိူင်း” - နန်းမိန်း အမည်ရ ထိုင်းဘာဘာဖြင့် ရေးသားထားသည့် သျှမ်းသမိုင်းနောက်ခံ ဝတ္ထုစာအုပ် မိတ်ဆက်ပွဲကို ယမ‌န်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့သည်။သျှမ်းစော်ဘွားများ တန်ခိုးကြီးထွားစဉ်အချိန်က သျှမ်းအမျိုးသမီးများ ရရှိခဲ့သည့် ရာထူး သို့မဟုတ် အဆင့်အတန်းကို ရည်ညွှန်း၍ သျှမ်းဘာသာဖြင့် “ၼၢင်းမိူင်း” - နန်းမိန်း ဟု အမည်ပေးထားကြောင်း သိရသည်။အဆိုပါ စာအုပ်တွင် သျှမ်းလူမျိုးတို့၏ အမည်မှည့်ခေါ်နည်းများ၊ နေ့စဉ်ဘဝ နေထိုင်ပုံများကို စိတ်ဝင်စားဖွယ် သျှမ်းသမိုင်းကြောင်း နောက်ခံထား၍ စာရေးသူ၏ စိတ်ကူးစိတ်သန်းများဖြင့် ပေါင်းစပ်ကာ ခေတ်ပြိုင် အချစ်ဇာတ်လမ်း တစ်ပုဒ်အဖြစ် ရသမြောက်အောင် ဖန်တီးရေးဖွဲ့ထားသည်။ယမန်နေ့ကျင်းပပြုလုပ်ခဲ့သည့် စာအုပ်မိတ်ဆက်ပွဲသို့ စာပေပညာရှင်များ၊ သုတေသီများ၊ စာရေးဆရာများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

25