back

မန္တလေးတိုင်းအတွင်း အင်အား ရစ်(ခ်)တာစကေး(၄.၂)အဆင့်ရှိငလျင်လှုပ်၊ငလျင်(၂၄၇)ကြိမ်လှုပ်ခဲ့ပြီးဖြစ်

Dec 03 • 4:02 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းအတွင်း အင်အား ရစ်(ခ်)တာစကေး(၄.၂)အဆင့်ရှိငလျင်လှုပ်၊ငလျင်(၂၄၇)ကြိမ်လှုပ်ခဲ့ပြီးဖြစ်

၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ၊(၃)ရက်အထိမန္တလေးတိုင်းအတွင်း ဒီဇင်ဘာ(၂) ရက် ညနေ (၅)နာရီ (၃၁)မိနစ်အချိန်က ငလျင်လှုပ်ခတ်မှုဟာ အသံနဲ့အတူ သိသာတဲ့ နောက်ဆက်တွဲငလျင်တခု လှုပ်ခတ်သ...

၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ၊(၃)ရက်အထိ

မန္တလေးတိုင်းအတွင်း ဒီဇင်ဘာ(၂) ရက် ညနေ (၅)နာရီ (၃၁)မိနစ်အချိန်က ငလျင်လှုပ်ခတ်မှုဟာ အသံနဲ့အတူ သိသာတဲ့ နောက်ဆက်တွဲငလျင်တခု လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရတော့ စဥ့်ကိုင်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၄)မိုင်ခန့်မှာဗဟိုပြုပြီးအနက် - ၃၃ ကီလိုမီတာ၊အင်အားပမာဏ - ၄.၂ ရစ်(ခ်)တာစကေးဖြင့်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

မန္တလေးနဲ့စစ်ကိုင်းမှာ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်တွေ ဆက်တိုက် လှုပ်ခတ်နေတာဖြစ်ပြီးငလျင်လှုတ်ခတ်တဲ့အကြိမ်အရေအတွက် (၂၄၇)ကြိမ်ရှိပြီလို့ သိရပါတယ်။

news-view-count-icon

31