သရုပ်ဆောင် ပိုးကြာဖြူခင်က ခင်ပွန်းသည်ရဲ့ Surprise လုပ်ပြီး မွေးနေ့ဆုတောင်းပေးတာကို ည ၁၂ နာရီအတိမှာရခဲ့ပါတယ်။ သူမဟာ ကလေး ၅ ယောက်မိခင်ဖြစ်နေပြီဖြစ်တာကြောင့် ယခုလိုမျိုး ရိုဆန်ဆန် Surprise တွေကို မမျှော်လင့်တော့ပေမယ့် ခင်ပွန်းဖြစ်သူက သူမမွေးနေ့ကျရောက်တဲ့ ည ၁၂ နာရီမှာကိုပဲ မွေးနေ့ Surprise လုပ်ပေးခဲ့လို့ ယောက်ကျားဖြစ်သူကို ကျေးဇူးတင်စကားတွေပြောခဲ့တာဘဲဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူက ပျော်ရွှင်စရာအားလုံးက မိန်းမအတွက်ဖြစ်ပါစေလို့ မွေးနေ့ဆုတောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။



