back

မြန်မာ-လာအို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု နှစ်ပတ်လည်အခမ်းအနား ရန်ကုန်မြို့ Pan Pacific ဟိုတယ်တွင် ကျင်းပ

Dec 03 • 2:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာ-လာအို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု နှစ်ပတ်လည်အခမ်းအနား ရန်ကုန်မြို့ Pan Pacific ဟိုတယ်တွင် ကျင်းပ

လာအိုနိုင်ငံ တည်ထောင်သည့် ၅၀ နှစ်ပြည့် နှစ်ပတ်လည်နှင့် မြန်မာ-လာအို နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအား ဒီဇင်ဘာ ၂ ရ...

လာအိုနိုင်ငံ တည်ထောင်သည့် ၅၀ နှစ်ပြည့် နှစ်ပတ်လည်နှင့် မြန်မာ-လာအို နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအား ဒီဇင်ဘာ ၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါ ဧည့်ခံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အပါအဝင် ဌာနဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဂုဏ်ပြုစကားပြောကြားကာ နှစ်ဦးသား ပူးပေါင်းပြီး နှစ်ပတ်လည်အထိမ်းအမှတ် ကိတ်ခွဲပေးခဲ့ကြသည်။ ဧည့်ခံပွဲသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂဌာနေဆိုင်ရာ ကိုယ်စားလှယ်များ၊ မြန်မာ-လာအိုချစ်ကြည်ရေးအသင်းဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

34