back

မြန်မာအမျိုးသမီးအသင်းနဲ့ အင်ဒိုအမျိုးသမီးအသင်း ဟာထိုင်းနိုင်ငံ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်ရောက်ပြီ

Dec 02 • 7:48 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာအမျိုးသမီးအသင်းနဲ့ အင်ဒိုအမျိုးသမီးအသင်း ဟာထိုင်းနိုင်ငံ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်ရောက်ပြီ

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် မြန်မာအမျိုးသမီး ဘောလုံးအသင်းနဲ့ အင်ဒိုနီးရှားအမျိုးသမီးဘောလုံးအသင်းတို့ ဒီနေ့ နေ့လည်ပိုင်းက ထိုင်းနိ...

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် မြန်မာအမျိုးသမီး ဘောလုံးအသင်းနဲ့ အင်ဒိုနီးရှားအမျိုးသမီးဘောလုံးအသင်းတို့ ဒီနေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်ကို ရောက်ရှိလာခဲ့ကြပါပြီ။အင်ဒိုနီးရှားအသင်းရဲ့ အစီအစဉ်ကို မသိရပေမယ့် မြန်မာအမျိုးသမီးအသင်းကတော့ ဒွန်မောင်းလေဆိပ်ကနေ ချွန်ဘူရီကို တိုက်ရိုက်တန်းသွားခဲ့ပါတယ်။ မြန်မာအမျိုးသမီးအသင်းက အုပ်စု(ခ)မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အင်ဒိုနီးရှားအမျိုးသမီးအသင်းကတော့ အုပ်စု(က)မှာ အိမ်ရှင် ထိုင်း၊ စင်ကာပူအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွေကို ဒီဇင်ဘာ ၄ရက်မှာ စတင်မှာဖြစ်ပြီး ဒီဇင်ဘာ ၄ရက်မှာ အိမ်ရှင် ထိုင်းနဲ့ အင်ဒိုနီးရှား၊ ဒီဇင်ဘာ ၅ရက်မှာ ဖိလစ်ပိုင်နဲ့ မြန်မာ၊ ဗီယက်နမ်နဲ့ မလေးရှားတို့ အုပ်စုအဖွင့်ပွဲစဉ်တွေအဖြစ် ကစားကြမှာ ဖြစ်ပါတယ်။


news-view-count-icon

48