back

ရှမ်းပြည်၊ကျိုင်းတုံတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကိုဖွင့်လှစ်ခဲ့

Dec 02 • 7:12 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်၊ကျိုင်းတုံတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကိုဖွင့်လှစ်ခဲ့

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ကျန်းမာပြီးကြံ့ကြံ့ခံနိုင...

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ကျန်းမာပြီးကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထုဖြစ်ပေါ်လာစေရန် တည်ဆောက်ခြင်းစီမံချက်မှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို နိုဝင်ဘာလ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ပြုလုပ်ခဲ့ပါသည်။အဆိုပါသင်တန်းတွင် ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပြများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ရာ စီမံချက်ကျေးရွာများမှ သင်တန်းသား/သူ (၃၀) ဦး စိတ်ဝင်စားစွာ တက်ရောက်သင်ယူခဲ့ပါသည်။

news-view-count-icon

34